သူများသာ တရားချနိုင်ပေမယ့်
ကိုယ်ကျတော့တွေဝေဆဲ..........
ပြတ်သားပါလို့ သူများသာ ပြောနိုင်ပေမယ့်
ကိုယ်တိုင်ကျတော့ အသိတွေမှုန်ဝါးနေလိုက်တာ
သူမရှိတုန်း မင်းဘယ်လိုနေနိုင်ခဲ့လို့ နှစ်သိမ့်နိုင်ခဲ့ပေမယ့်
ကိုယ်တိုင်ကျတော့ သံယောဇဉ်ပါးပါးလေးကို ကိုးကွယ်နေလိုက်တာ.....
ဘယ်တော့မှ မကြားနိုင်မယ့် စကားလုံးကို မိုက်မိုက်မဲမဲမျှော်လင့်ခဲ့မိသေးတာ....
သံယောဇဉ် မြူမှုန်ပါးပါးလေးတောင် မဖြန့်ကျက်နိုင်ခဲ့တဲ့သူ...
ရင်ခွင်နွေးနွေးတောင် မဖန်တီးပေးနိုင်သူ........
ငါ့ရဲ့စစ်မှန်တဲ့ ချစ်ခြင်းသစ္စာတွေကို မမြင်နိုင်ခဲ့တဲ့သူ.........
အချစ်ကို နှလုံးသားဗလာ ဦးနှောက် အတိုင်းအတာနဲ့ ရွေးချယ်နေတာသိသိရက်နဲ့
သူ့လက်တွေကို လွှတ်ထွက်သွားမှာဆိုးတဲ့စိတ်နဲ့ စိုးရိမ်တကြီးဖမ်းဆုပ်ထားမိသေးတာ ....
(ဟိန်းလေး)