နေ့ရက်တွေသာ
သောက်လက်စ စီးကရက်တွေဖြစ်ခဲ့မယ်ဆိုရင်
ငါ နင်းခြေပြစ်တာကြာပေါ့
စပါးကြီးမြွေရဲ့ ငြို့ငင်အားကြောင့်
ခါးသက်တဲ့ သည်းခြေတွေကိုမြိုချ
ဒီကောင်အသုံးမကျလိုက်ပုံများ
ဘယ်တော့မှပွင့်မှာမဟုတ်တဲ့ တံခါးကိုမှ
လက်ဆစ်တွေနာတဲ့အထိ
အကြိမ်ကြိမ်ခေါက်နေမိသေးရဲ့……