ညင်ညင်သာသာလေးပါပဲ…
ဟိုး ချောက်ကပါးနက်နက်
ဝိုးတ၀ါးနဲ့ မှိုင်းပျပျလေး
အဲ့ဒါ ….
ငါ့နှလုံးသားပေါ့
မင်းသာမြင်တွေ့မယ်ဆိုရင်
အရှုံးတွေပလပွနဲ့ ငါ့ရင်မှာ ဒဏ်ရာတွေခပ်နက်နက်နဲ့
အကြိမ်ကြိမ်ကြွေကျရလောက်အောင်
ကြွေလွယ်တဲ့ သစ်ရွက်တော့ မဖြစ်ချင်ဘူးချစ်သူ
ကျေးဇူးပြုပြီး မင်းရဲ့ လစ်လျူရှုမှုတွေကို
ခံနိုင်စွမ်းရှိဖို့
လုံလောက်တဲ့အင်အားတွေ
ငါ …. ရရှိပါရစေ
တခါဆို တခါ လုံလောက်ပါပြီ
မင်းရဲ့ထားရစ်ခဲ့ခြင်းကို……
ဟိန်းလေး

