မိုးလေးက တဖွဲဖွဲ.........
လမ်းမီးရောင်က မသဲကွဲ......
လူသွားအလာ ခပ်ကြဲကြဲ...
ချစ်သူ့ ခေါ်သံလား..........
လေတိုးသံလား.....
နှလုံးသားကကြား
မကြည့်ပေမယ့် သိနေ
မခေါ်ပေမယ့် ........... ရောက်နေ
နွေးထွေးတဲ့ အချစ်တွေ
မာကျူရီ မီးရောင်အောက်က
ချစ်သူ့မျက်နှာ
နှလုံးသားမှာသေရာပါ
ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံက တင်းကြပ်.
လက်တွဲဖြုတ်ဖို့ဆုံးဖြတ်ထားတဲ့ နှလုံးသားက ကွဲအက်
နောက်ဆုံး.......အကြည့်...
နောက်ဆုံး...အသိ
နောက်ဆုံး......အဖြစ်
နောက်ဆုံး....... အချစ်တွေနဲ့......
ချစ်သူ့ပါးပြင်
အနမ်းတစ်ပွင့် လှမ်းခြွေလွှင့်......
သြော်.......အဲ့ဒီညက
မျက်ဝန်းအိမ်မှာ..........မိုးတွေရွာ .....
အနော်မာ
11.9.2012