အိုး....ချစ်စရာ့တောင်ပေါ်မြေ


မရောက်ဖူးတဲ့နေရာမို့ စိတ်အစဉ်က လန်းဆန်းပျော်ရွှင်နေသည်
တောင်ကြီးမြို့ ....... အေးလိုက်တာလဲ စိမ့်လို့
နေရောင်ကပြပြ.......တောင်ကမ်းပါးထက်မှာ အိမ်လေးတွေက အစီအရီ
တောင်တန်းကြီးကဘေးက၀ိုင်း....ထုံးစေတီဖြူဖြူတွေနှင့်  ကန်ရေပြင် ပြာလွှလွှ
အော် သည်မြို့အတော်လှသကိုးးးးးးး 

ရှမ်းအိုးစည်သံ တညံညံ နဲ့ ကကွက်တွေစုံညီ
ပါးမို့မို့ရဲရဲပေါ်က တောင်ပေါ်သူတို့အပြုံး သိပ်ချိုမြိန်လွန်းလှသည်။
အသားဖြူကာညက် ဆံပင်ရွှေရောင်သန်းလို့ တောင်ကြီးသား ကိုလူချောတို့လည်း ပေါလွန်းလှသည်။ 
အလှူအတန်းရက်ရော...တောင်ပေါ်သားတို့အလှူက အားကျစရာကောင်းလှသည်. 
လှပတဲ့ မီးပုံး.... သူတို့ရဲ့စည်းလုံးခြင်းကိုပြသနေသည်.......

တခါတခေါက် အခွင့်အခါကြုံလျှင်ဖြင့် လာရောက်ချင်ပါသေးသည်။ 
လှပတဲ့ တောင်ပေါ်မြေဆီ......


(ဟိန်းလေး)
 18.11.2013