ဒိုဒို
နင်မွေးဖွားခဲ့တုန်းကလဲ အန္တရာယ်တွေ ပတ်လည်ဝိုင်းခဲ့တယ်
နင့်ကို ဒီလို အရွယ်ရောက်အောင်အထိ ပြုစုစောင့်ရှောက်ရတာလဲ ပြောမနေပါနဲ့
နင့်နဲ့အတူတူလောကကြီးထဲ ရောက်လာတဲ့ တိုတို လေးဆိုရင် လောကကြီးထဲ ရောက်ခါစမှာ ကံဆိုးစွာနဲ့ စောစောစီးစီး နင့်ကိုထားပြီး ထွက်ခွာသွားတယ်
နင်လေ တကောင်ထဲအဖော်မဲ့မှာဆိုးလို့ ငါ့ရဲ့ ၀က်ဝံရုပ်သေးသေးလေးကို တိုတို အစား နင့်ဘေးမှာထားပေးခဲ့တယ်
နင်က အရောင်အသွေး စုံလာတော့ မေးစေ့အောက်မှာ အနက်ရောင် လေးထောင့်ကွက်လေးနဲ့နော်
နင့်က ဖေဖေ့နားဆို အရမ်းကပ်တော့ ဖေဖေက နင့်ကိုသိပ်ချစ်ခဲ့တယ်
နင်ကလဲ ဖေဖေ့ကိုဆို အကဲပိုလွန်းတယ်လေ
နင်နေမကောင်းရင် သိပ်သိသာတာပဲ ဖေဖေ့နားကိုကပ်ချွဲနေတာ အချိန်ပြည့်ပဲ
မနက်မနက်ဆိုရင်လည်း ဖေဖေ အလုပ်သွားတော့မယ်ဆို သွားလို့မရအောင် ကပ်ချွဲနေတယ်
လူပေါ်ကိုလဲ ခုန်ခုန်တက်လိုက်တာပြောမနေနဲ့
နင်နဲ့ငါနဲ့က သိပ်ပြီးမတည့်ဘူးလေ နင်သွားချွန်ချွန်တွေနဲ့ င့ါကို ကိုက်တာကိုး
ပြီးတော့ နင်က ခြင်ထောင်များထောင်ထားရင် နင့်အတွက် ကစားစရာရသလိုပဲ ခြင်ထောင်ဘေးကို ခုန်ခုန်ပြီး တွယ်တက်တာလေ ဖေဖေ့ခြင်ထောင်မှာဆို နင့်လက်သည်းရာအပေါက်တွေချည်းပဲ
နင်ကပြီးတော့ အငယ်ဆုံးဖြစ်ပြီးတော့ အိမ်လဲ အရမ်းလည်တာပဲ
ဟိုးတခါက မေမေင့ါကိုပြောတယ် နင်မြွေဖမ်းလာတာဆို
ဖမ်းချင်ရင် ကြွက်ပဲဖမ်းပါလို့ နင့်ကိုမေမေကပြောတယ်ဆို ....နင်နားမထောင်ဘူးနော်...
မေမေက ငါပြန်လာတော့ နင့်အကြောင်းတွေအားလုံးပြန်ပြောပြတယ်
အိမ်ဘေးက ဓါတ်တိုင်ပေါ်လဲ ပြေးပြေးတတ်တယ်တဲ့
ဒါနဲ့ နင့်အမြှီးက တခြားကောင်တွေထက်ရှည်တယ်နော်
ပိန်ပိန်ရှည်ရှည်ကြီးနင်က လှလဲလှဝူး
မနက်မေမေအစာကျွေးရင် နင်က ငယ်ငယ်လေးထဲက မေမေ့အောက်ကိုဝင်ပြီးစားတယ်
နင်ကြီးလာတော့လဲ အဲ့အကျင့်မပျောက်ဘူးနော်
အကောင်ကြီးကကြီးလာပီးတော့ မေမေ့အောက်မှာ မဆံ့တော့ပေမယ့်
နင်က မေမေအစာကျွေးတိုင်း အဲ့နေရာကနေ လျှိုလျှိုပြီးတော့ ၀င်ဝင်လာတယ်
နင့်ကိုလေ တခြားအိမ်မှာတွေ့ရင် နင်က သူခိုးလူမိတဲ့အတိုင်းပဲ
ငါ့ကို ပတ်ရွှဲနပ်ရွှဲနဲ့ အတင်းကပ်တယ် ပြီးတော့ လမ်းမသိသလိုမျိုးင့ါကိုစောင့်ပြီး အိမ်ကိုပြန်တယ်
သူများအိမ်ကို လာခဲ့တာ တကောင်ထဲဟာကို ငါမိတော့မှ နင်က ငါ့ကိုစောင့်တောင်ခေါ်နေလိုက်သေးတယ် နင့်အချိုးတွေကို ငါအဲ့ကတည်းက ရိပ်မိနေတာ ဒိုဒို ......နင်က သိပ်လည်တာပဲ
နေမကောင်းလို့ မေမေ့က အပြင်မထွက်နဲ့ ဒီနားနေဆို နင် ငါ့တို့ရှေ့ဆိုနေတယ်နော် ပြီးမှ ငါ့တို့မသိအောင် လစ်ထွက်သွားတာ ..... ငါခိုးပြီးလာချောင်းကြည့်ရင် နင်နေရာမှာမရှိတော့ဘူး ......မိုးလင်းရင်တော့ နင်မဟုတ်သလိုပဲ ....မေမေပေးထားတဲ့နေရာမှာ အခန့်သား.....ညကဘယ်မှ လျှောက်မသွားခဲ့တဲ့စတိုင်နဲ့
သိမ့်သိမ့်က နင့်ကိုလေ မချစ်ဘူးတဲ့ နင်နဲ့သူနဲ့ မတည့်ဘူးဆို နင်သူ့ကို ဘာလို့ကိုက်တာလဲ ဖေဖေ့ကိုကျတော့ မကိုက်ပဲ အတင်းတိုးဝှေ့နေပြီးတော့ .......ဒိုဒို နင်က မျက်နှာလိုက်တယ်နော်......... ငါ့ကိုဆိုလဲ ဒီလိုပဲ နင်ကိုက်တာပဲ ...........နင်က နင့်အမေ၀ါဝါနဲ့တခြားဆီပဲ ၀ါဝါဆို အရမ်းအေး အရမ်းလိမ်မာတာ...သိလား နင်ကတော့ စွာတေးလန် ......
ဒိုဒို ..........အခု ငါနင့်အကြောင်းကိုရေးနေတာ..... ငါငိုနေတယ်သိလား ........နင့်ကိုသတိရတယ် ဒိုဒို....
နင်နေမကောင်းရင် ငါက ဆေးတိုက်တာ နင်မှတ်မိတယ်မဟုတ်လား
နင် ပါးစပ်ထဲကို ဆေးထိုးအပ်နဲ့ဆေးတွေစုပ်ပြီး တိုက်တာလေ
နင့်ပါးစပ်က ကျဉ်းကျဉ်းလေးဟာကို အဲ့လိုတိုက်မှ နင်နေကောင်းမှာပေါ့
နင်ကတော့ အစွယ်ချွန်ချွန်တွေနဲ့ ငါ့ကို ဒေါသတွေကြီးပြီး ကိုက်တာလေ
နင်မှတ်မိလား ......နင်က အရမ်းစွာတာပါဆို ......အိမ်လဲ အရမ်းလည်တာ .......သူများခေါင်မိုးတွေပေါ်လဲတက်ဆော့တယ်.......ဟိုတနေ့ကလေ နင်တက်တုန်းကတက်ပြီးမဆင်းတတ်လို့ ငါ့ကိုအော်ခေါ်နေတာ ငါသိတာပေါ့ ........ နင့်ကိုငါအောက်ကနေ လက်လှမ်းပြီးခေါ်တော့ နင်အပြေးလာတာလေ .....မေမေနဲ့ဖေဖေက စိုးရိမ်လို့ နင့်ကိုကြည့်နေကြတာ ...... နောက်ဆုံးနင် ငါခေါ်လိုက်တော့မှ နင်ခေါ်မိုးပေါ်ကနေဆင်းလို့ရတာနော်........နင်က အရမ်းဆော့တာပဲ...... နင်နေမကောင်းရင်လဲ အရမ်းသိသာတယ် ဖေဖေ့နားပဲကပ်ကပ်နေတာနော်.......
ဒါနဲ့.....ဒိုဒို နင့်ကိုငါမေးမလို့ နင် 25 .12.2013 ရက်နေ့က နင်ဘယ်တွေလျှောက်သွားလဲ ......ဘာတွေလျှောက်စားခဲ့တာလဲဟင်..........
အဲ့နေ့က ငါအိမ်မှာရှိတယ် ရုံးပိတ်လို့ အိမ်ရောက်နေတာလေ ......... မိုးလင်းတော့ နင့်ကို ဘေးအိမ်ကအဒေါ်ကြီးက လာယူဖို့မေမေ့ကို လှမ်းခေါ်တယ် ...... ငါနဲ့မေမေ့အပြေးတပိုင်း အဲ့အိမ်ကို သွားကြည့်တော့ နင်က မြေပြင်ပေါ်မှာ ......... နင်ဘာလုပ်နေတာလဲ ဒိုဒို ဆောင်းတွင်းအေးအေးကြီးမှာ မေမေခင်းပေးထားတဲ့ အခင်းပေါ်မှာ မအိပ်ပဲ ...သူများအိမ်က မြေကြီးပေါ်မှာ ဘာလို့ အိပ်နေတာလဲ လို့ ..... ဒိုဒို..........
နင့်ကိုမေမေက ပွေ့ချီလိုက်တယ် ......အရင်နင့်ကိုပွေ့ချီသလိုမျိုး နင်ပျော့ပျော့ပြောင်းပြောင်းနဲ့ ပါမလာဘူး.....နင့်ခန္ဓာကိုယ်က တောင့်တင်းနေတာပဲ ..တကိုယ်လုံးလဲ အေးစက်လို့ .နင့်မျက်လုံးတွေမှိတ်နေတယ်......... နင်အိပ်နေတာမလားဒိုဒို........ အိပ်နေတာမဟုတ်လား.
နင်အိပ်ပျော်နေတာပါ ဒိုဒို........
နင်နဲ့သိမ့်သိမ့်က မတည့်ကြတော့လေ.....သူအိမ်ပြန်လာတော့ နင့်ကို ချက်ချင်းမမေးဘူးသိလား ......
နောက်နေ့ရောက်တော့ မေမေအစာကျွေးတော့မှ နင်တိုးဝှေ့ပြီးစားတဲ့နေရာကို သူကြည့်မိတော့မှ ဒိုဒိုရောဟင်လို့မေးတာ........ ငါဘာဖြေရမှန်းမသိဘူး ဒိုဒို .........နင်က ငါ့တို့ကို နှုတ်တောင်မဆက်သွားဘူးနော်....... ငါ့ဆီမှာလေ နင့်ပုံလေးရှားရှားပါးပါးတပုံပဲရှိတယ်...... မကြည့်ချင်ဘူး ဒိုဒိုရယ် .....နင့်ကိုသတိရလို့.........နင်ကသိပ်ချစ်ပြီး နင့်ကိုသိပ်ချစ်တဲ့ ဖေဖေကတော့လေ... ဘာမှတော့မပြောပါဘူး...... ဒါပေမယ့် သူဝမ်းနည်းနေမှန်းတော့ သိသာတယ်ဟ .....ဘာမှတော့ မပြောရှာပါဘူးလေ......နင့်ကိုတော့ ငါတို့အားလုံး လွယ်လွယ်နဲ့ မမေ့ဘူးနော် ကတိပေးတယ်သိလား.......
နင်ကောင်းရာမွန်ရာရောက်ပါစေလို့ ငါတို့အားလုံးဆုတောင်းပေးတယ်နော် ဒိုဒို
ဟိန်းလေး
30.12.2013