ရန်ကုန်ရဲ့ ဒီဇင်ဘာ

ဒီဇင်ဘာဆောင်းရဲ့အအေးဓါတ်က
င့ါရင်ထဲကအပူတွေကို မငြိမ်းအေးနိုင်ဘူး
...................
ရန်ကုန်ဆိုတဲ့မြို့ကြီးက
ငါ့ကို လှောင်ပြောင်သလိုကြည့်နေခဲ့တယ်
စောင့်နေမယ့် ကြိုသူကိုလည်းမမျှော်ပါဘူး
ရင်ထဲ ပူနေတာတော့ခုထိပါပဲ
နင့်ကိုသတိရစေမယ့် အမှတ်တရတွေက
မရှာပဲတွေ့တွေ့နေခဲ့တယ်
ဒါပေမယ့်လည်း
လမ်းကိုတစ်ယောက်ထဲလျှောက်တတ်ဖို့အတွက်
နင်သင်ပေးခဲ့ပြီးပြီပဲ.......

(ဟိန်းလေး)
၂၆-၁၂-၂၀၀၉
နံနက် ၅း၀၀