မပတ်သက်ခဲ့ဘူးသော YTU



ဒီကျောင်းတော်ကြီးကိုမြင်တိုင်း
ကိုယ်နဲ့ မပတ်သတ်ခဲ့ဘူးပေမယ့်
သူတက်ခဲ့တဲ့ကျောင်းအဖြစ်
မှိုင်းပြပြလေးလွမ်းတယ်
ကျောင်းရှေ့ကမျက်ခင်းပြင်ကြီးကိုကြည့်မိတိုင်း
ကိုယ်မလျှောက်ခဲ့ဘူးပေမယ့်
သူရှိဘူးခဲ့တယ်ဆိုတဲ့ အသိနဲ့
ခပ်ထိုင်းထိုင်းလေးလွမ်းတယ်...
ဘာ့ကြောင့်မှန်းမသိ
ကျောင်းဘေးက သစ်ပင်ကြီးကိုမြင်တော့
သူပြောခဲ့တဲ့ သူငယ်ချင်းတွေနဲ့ထိုင်နေကြနေရာလေးပေါ့
ဆိုတဲ့ အသံလေးပြန်ကြားမိပြန်တယ်

အထီးကျန်နေတဲ့ ကျောင်းတော်ကြီးကို
ကျွန်မခပ်ငေးငေးလေးကြည့်နေမိတော့
သူက ကျွန်မကိုသနားသလိုအကြည့်နဲ့
ပြန်ကြည့်ပြီး
ကျွန်မကို တစ်စုံတခုပြောလိုက်သလို
ဟုတ်ပါတယ် သူပြောခဲ့တာက
...............
.......................
မင်းလဲငါ့လိုတယောက်ထဲပဲဖြစ်နေပြီမဟုတ်လားတဲ့လေ


(ဟိန်းလေး)