
ရောက်ခဲ့သေးတယ် ၀ိုင်တီယူ
မှိုင်တွေမှုတွေနဲ့
နေ့ရက်တွေကို မဖြတ်ချင်တော့သလို
အချစ်ကို
အရောင်တုတွေနဲ့လည်းမဆိုးချင်တော့ပါဘူး
ဝိုင်တီယူ
နင်ကတော့ မြို့ပြရဲ့အလယ်မှာ ခန့်ငြားလို့
နင်မသိတဲ့ငါကတော့
လွမ်းဆွတ်ခြင်းတွေနဲ့ ခံစားလို့
ဝိုင်တီယူ
နင်ကိုလည်း သစ်ပင်တွေနဲ့ အုံ့ဆိုင်းလို့
ငါ့မှာလည်း အလွမ်းတွေနဲ့ ထုံထိုင်းလို့
ခုဆို နင့်မှာ အသစ်ဆိုတာလည်းမရှိသလို
အဟောင်းတွေလဲ နင့်နားဝေ့၀ဲမနေတော့ဘူး
ငါလည်း အသစ်ဆိုတာကိုလည်းမရှာသလို
အဟောင်းကိုလည်း မတောင့်တတော့ပါဘူး
(ဟိန်းလေး)