နာကျည်းချက်တွေ
ရင်ဘက်နဲ့ မဆံ့အောင်ပြည့်ကျပ်
အဲ့ဒီနေ့ပေါ့
နင့်ကို ပိုးစိုးပက်စက် သတိရပစ်လိုက်တယ်
ငါ့ရင်ထဲမှာ ရွာသွန်းခဲ့တဲ့
မျက်ရည်ဖြိုင်ခဲ့တဲ့ မိုးတွင်းကာလ တစ်ခုကို
ဘယ်တော့မှ မမေ့ဘူး ချစ်သူ
အလွမ်းတွေ အံဝင်ခွင်ကျဖြစ်ဖို့
ငါပြင်းပြင်းထန်ထန်
ကြိုးစားရအုံးမယ်
နင့်မျက်ဝန်းရဲ့ ခြောက်ခမ်းခမ်း အကြည့်တွေအောက်
ငါ ဒူးထောက်ရတာလဲ
အကြိမ်ကြမ်အခါခါပါပဲ
မကြင်မနာ ပစ်ခါသွားတော့လဲ
ဘာတတ်နိုင်မှာလဲ ချစ်သူ
ငါ့အလွမ်းတွေ အသားတတ်ဖို့ အချိန်တော့ ပေးရလိမ့်မယ်
ဟိန်းလေး
18.5.2012
