မီးခိုးငွေ့များ
အဲ့ဒီ့မီးခိုးငွေ့များ မရှိလျှင် ကောင်းမည်
သူမအား ထိုမီးခိုးငွေ့များ ထုတ်လွှတ်နေခြင်းကို ကျွန်မလုံးဝ မကြည့်ချင် မမြင်ချင်သော အရာတခုဖြစ်သည်။
ထိုမီးခိုးငွေ့များသည် နောင်တချိန်တွင် ကျွန်မတို့၏ ပျော်ရွှင်မှုများကို ကြာကြာစောင့်မကြည့်ပဲ သူမအား မြန်မြန်ဆွဲခေါ်သွားနိုင်သည်။ ထိုမီးခိုးငွေ့များတွင် မေတ္တာတရား လွန်စွာမှ နည်းပါးလေစွ ။ ထိုသည်ကို သူမ သိသိရက်နှင့် တမ်းတမ်းစွဲ မီးခိုးငွေ့များအား ရှိုက်ထုတ်လေ့ရှိသည်။
ထိုမြင်ကွင်းမျိုး ကျွန်မ မခံစားနိုင်ပါ ။
မီးခိုးငွေ့များ အရှိုက်မှာ သူမ၏အဆုတ်အား လွန်မင်းစွာ နာကျဉ်ပျက်စီးစေမှန်းသိသိရက်နှင့် မစွန့်လွှတ်နိုင်သော သူမအား ကျွန်မ တခါတလေ စိတ်ဆိုးမိသည်။ သို့သော်လည်း....... တားဆီးဖို့ ကျွန်မ မကြိုးစားမိ .... မကြိုးစားခဲ့......... ကျွန်မ သူမ၏ ပျော်ရွှင်မှုတခုကို မဖျက်ဆီးလေသလား.......
သူမနှင့်ကျွန်မအား ကွေကွင်းအောင်လုပ်နေသည်ကို သိသိရက်နှင့်.......... ကျွန်မ နောင်မှ နောင်တရမည်ထင်သည်။
ဟိန်းလေး
23.9.2013
(10း10)PM