လာဗင်ဒါ



ဆရာမ (ဂျူး) ရဲ့ ဆုံနေရက်နဲ့လွမ်းလေခြင်း စာအုပ်ကို အဆောင်က ညီမလေးက သူဝယ်ထားပြီပြောလို့ ကျွန်မတို့ အလုအယက် ငှားဖတ်ကြပါတယ်။ ခရီးသွားမယ့် သူငယ်ချင်းဆီကနေ တဆင့် ကျွန်မဆီကို လက်ဆင့်ကမ်း ခဏ ကြားက ဖြတ်ပြီးငှားလိုက်ပါတယ် သူတောင် ဖတ်လို့မပြီးသေးဘူး ......မနက် ခရီးသွားရမှာဆိုတော့လေ....
ကျွန်မဆို အပြီးထိ မိုးလင်းပေါက်ဖတ်ပြီးမှ ကျွန်မ ခရီးသွားမှာ......

စာအုပ်သာ လက်ထဲရောက်လာတယ် အခုရက်ပိုင်း အလုပ်များလို့ ဖတ်ချင်ရက်နဲ့ .. စာအုပ်ကလေးအား လှမ်းကြည့်နေရတဲ့ အနေအထားဖြစ်ခဲ့ပါတယ် ။

ခုတော့ ကျွန်မ ဖတ်လို့ပြီးသွားပါပြီ ..
အရမ်းနှစ်သက်ပါတယ် နောက်ပြီး
ကျွန်မရင်ထဲမှာ တခုခုကျန်နေခဲ့ပါတယ်...

ဆုံနေရက်နဲ့ လွမ်းလေခြင်း 

သူမထက် (၇)နှစ်ငယ်တဲ့ကလေးတယောက်နဲ့ သူမ ထိုကလေးအပေါ်ထားတဲ့သံယောဇဉ် .....
သူမရဲ့ ချုပ်ထိန်းနိုင်မှု......  သူမရဲ့ စိတ်နေသဘောထား ။ ကျွန်မ အရမ်းလေးစားပါတယ်.... စာရေးသူ ရဲ့ ရေးဖွဲ့မှု အားလည်း ကျွန် အရမ်း နှစ်သက်ကျေနပ်မိပါတယ် ။

လာဗင်ဒါ နံ့တွေ မွေးထုံနေတဲ့ အခန်းကျဉ်းလေးထဲမှာ ကျွန်မ...... ကြိုက်နှစ်သက်သော ၊ ကျွန်မ . . ခံစားရသော ...ရင်ထဲသို့ ကျင်ခနဲ့ ဖြစ်သွားစေသော စာရေးသူ၏ အောက်ပါ စာသားလေးများအား..... ကျွန်မရဲ့ ဘ၀ရဲ့အပိုင်း အစလေးများ လို့ခေါ်တဲ့ ကျွန်မရဲ့ စာမျက်နှာထဲမှာ ချရေးနေမိပါတယ် ။ လာဗင်ဒါ ဟာလည်း ကျွန်မ ဒီစာအုပ်လေးကနေ စပြီးရင်းနှီးတာဖြစ်ပါတယ် ။

ပညာတတ်ရင် အပြစ်ကို မလုပ်မိဘူး ကောင်းကျိုးချမ်းသာကိုပဲလုပ်ဖြစ်တယ်။ ပညာတတ်ရင် ငရဲမလားဘူး။ နိဗာန်ကိုရောက်မယ် ။ ပညာက အဲ့ဒိလောက်ထိ ဘ၀မှာ အရေးကြီးတယ် ။

ယခုစာအုပ်ထဲတွင် စာရေးသူ ရေးသားထားသော  ပြန်လည်ဆွေးနွေးခြင်းမျိုး အား ကျွန်မ အရမ်းသဘောကျမိပါသည်။ ခလေးတယောက်စီမှ မတူညီသော တွေးခေါ်မှု  သူ့တို့ ဦးနှောက်ဖြင့် နိုင်သလောက် သိထားကြမှု ၊ ဒါမှ မှားယွင်းစွာသိနေသော အသိအား ပြန်လည်ဆွေးနွေးမှသာလျှင် မှန်ကန်သော အသိကို ရရှိမည်ကို ယခုစာအုပ်ကဖော်ညွှန်းထားသည်။ 
မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများနှင့် ဆရာ - ဆရာမ များ မိမိတို့သင်ကြားသော သင်ခန်းစာများအား ပြန်လည်ဆွေးနွေးခြင်း ....... ကျွန်မတော့ မကြုံခဲ့ရပါ ။ တပုဒ်သင်ပြီး တပုဒ်ပြီးပါသည်။ တယောက်နှင့်တယောက် ၏ အမြင်များဖလှယ် ခြင်း ။ ဆွေးနွေးခြင်း  အကြံပြုခြင်း ကျွန်မတော့ မကြုံခဲ့ရပါ။ ဒါကျက် ဒါဖြေ ဖြင့် ၊ ဒီလိုနဲ့သာ ပြီးဆုံးခဲ့သော မြန်မာနိုင်ငံ၏ ပညာရေးစနစ် ဖြစ်ပါသည်  ။ 




 
ဆက်ပါအုံးမည်။