အရောင်များနှင့် ကစားခြင်း

အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်မဘေးမှာ အဖော်တစ်ယောက်လောက်တော့ ရှိစေချင်သည်။ ထိုအဖော်သည် ချစ်သူတစ်ယောက် ဖြစ်စရာမလို၊ ခင်ပွန်းတစ်ယောက် ဖြစ်စရာမလို၊ သားတစ်ယောက် ဖြစ်စရာမလို၊ သမီးတစ်ယောက်လည်း ဖြစ်စရာမလို။ လူသားတစ်ယောက်ယောက်၊ အရောင်တွေကို နားလည်ခံစားတတ်သူ တစ်ယောက်ယောက်၊ ကျွန်မငိုလျှင် ၀မ်းနည်းပေးမည့်၊ ကျွန်မပျော်ရွှင်လျှင် ကြည်နူးပေးမည့် လူသားတစ်ယောက်ယောက် ကျွန်မ ဒါ့ထက်ပို၍ မမျှော်လင့်ပါ။ သို့သော် ထိုမျှလောက် ဆန္ဒကလေးကိုပင် လောကထံမှ မတောင်းခံရဲ။ သည်တစ်ခါ လွဲမှားလျှင်ဖြင့် ကျွန်မ ရယ်နိုင်ဖို့ ခွန်အားတွေ မရှိတော့ဘူးမဟုတ်လား။ 

(ဂျူး)