သူငယ်ချင်း သို့




ည စာထမင်းစားနေတုန်း
အခန်းထဲကိုလေးလံတဲ့ ခြေလှမ်းများနဲ့
သူရောက်လာခဲ့သည်။
ထမင်းစားပါလား မေးတော့
ခေါင်းလေးရမ်းရုံပဲ လုပ်ပြီး မလှုပ်တလှုပ်နဲ့
ကျွန်ုပ်ဘေးမှာ သူဝင်ထိုင်လိုက်သည်
ဘာဖြစ်တာလဲမေးတော့သူချက်ချင်းမဖြေနိုင်
အရင်နေ့တွေက ကျွနုပ်ဆီလာလျှင် ပျော်ရွှင်မြူးတူး ရယ်စရာမောစရာများဖြင့် ပျော်နေတတ်သောသူသည်
ဒီနေ့တော့ ထူးခြားနေသည်လို့ ထင်မိသည်။
သူကကျွနုပ်ကို......
ငါ့ကိုတနေရာရာလိုက်ပို့ပေးပါလားလို့ ကျွန်ုပ်ထံတောင်းဆိုလာခဲ့သဖြင့်
စားလက်စ ထမင်းပန်းကန်ကို တန်းလန်းထားခါ
ကျွန်ုပ်နှင့်သူ အပြင်သို့ထွက်လာဖြစ်တော့သည်။

မိုးကောင်းကင်မှာ အဲ့ဒိအချိန်က မိုးတွေညို့မှိုင်းနေခဲ့သည်။
သူ့မျက်နှာလိုပေါ့.........

သူသွားချင်တာကတော့ တနေရာဖြစ်သည်
သို့သော်  ကျွနုပ်ခေါ်သွားဖြစ်တာကတော့ ကျွနုပ်တို့နှင့်ထိုင်လို့သင့်တော်မည့်
လက်ဘရည်ဆိုင် တဆိုင်ပင်ဖြစ်သည်။
ရှေ့ရောက်နေတဲ့ လက်ဘရည်တွေအေးနေသည်အထိ
သူ တကျွနုပ်အား တခွန်းမျှ စကားမပြောသေးချေ.......

ကျွနုပ်မေးမှ .. သူအင်မတန်စိတ်မကောင်းဖြစ်နေကြောင်း
ဘယ်လိုစဉ်းစားဆုံးဖြတ်ရမည်ကို မသိကြောင်း ကျွန်ုပ်ဆူမှာကိုလည်း စိုးရိမ်နေပုံရသည်။
ကျွုနုပ်ကိုမတိုင်ပင်ပဲလုပ်ဆောင်ခဲ့သော ကိစ္စတခု အဆင်မပြေမှ ကျွနုပ်ထံသို့ ရင်ဖွင့် ရပြန်သဖြင့်
ကျွနုပ်အပေါ် တွင် သူအပြစ်ရှိသလိုခံစားနေရတာလဲပါမည်။

သို့သော ကျွနုပ်သည် ဒီအချိန်မျိုးတွင် သူ့အားအပြစ်တင်ဖို့နေနေသာသာ
သနားလို့သာ နေခဲ့မိသည်။

ထိုအချိန်တွင် မိုးဖွဲဖွဲလေးတွေကျလာခဲ့ပြီ
တဖက်ဝိုင်းမှ လူများလည်း ပန်းကန်ကိုယ်စီကိုင်ကာ ဆိုင်တွင်းသို့ ၀င်ကုန်ကြပြီ
သူကတော့တချက်မှ မလှုပ်သေး
မိုးက တဖြည်းဖြည်းသည်းလာပြီ...
ကျွန်ုပ်အဖျားပျောက်ထားတာ ၂ ရက်ပင်မပြည့်သေးပေ
သို့သော သူနေရာမှမထသည့်အတွက် ကျွုန်ုပ်လဲ ဘာလုပ်ရမည်ကို စဉ်းစားချိန်မရဖြစ်နေစဉ်တွင်
သူ တခွန်းပြောလာသည် ......... ဒီမှာပဲခုလိုထိုင်နေချင်တယ် ..ရမလားတဲ့
ကျွုနုပ်ဘာပြန်ပြောရမည်လဲ.... ကျွန်ုပ်ဒူးမှာသိသိသာသာကို တုန်လာသည်။
နှုတ်ခမ်းချင်းလဲရိုက်လာပြီး....မင်းသဘောပါ လို့ပြောလိုက်သော ကျွန်ုပ်အသံသည် အင်မတန်ကို တုန်ယင်နေခဲ့သည်။
သို့သော် သူ့အတွေးနှင့်သူ ကျွနုပ်အား ဂရုစိုက်မိပုံမပေါ်ချေ.....
ဆိုင်ထဲမှ လူများကလည်း စပ်စုသလို မျက်လုံးမျိုးဖြင့်ကြည့်တာ ခံနေရပြီ
ဘယ်လို လူတွေလည်းမသိဘူးဆိုပြီး  မိုးရွာထဲ မှာ ဆိုင်ထိုင်နေသောကျွန်ုပ်တို့အား အတွေးမျိုးမျိုးဖြင့် စူးစမ်းတာတွေကိုခံနေရသည်။
သို့သော သူနှင့်ကျွနုပ် ဂရုမပြုမိချေ........ မိုးသဲသဲမဲမဲရွာချချိန်တွင် သူ့ခေါင်းတချက်အောက်သို့ ငုံ့သွားသည်။
ကျွနုပ်ထင်သည် သူငိုနေပြီ........

 အမတို့ အထဲဝင်ထိုင်ပါလားဗျာ လို့ ပြောလာသော စားပွဲထိုးလေးအား ကျွနုပ် လက်အသာကာပြကာ နေလိုက်ရသည်။
ထိုအချိန်တွင် မိုးဆဲသွားပြီးဖြစ်သည်။
ကျွန်ုပ်နာရီကိုကြည့်မိတော့ ည ၈း၀၀ ကိုလက်တံက လှမ်းနေပြီ
ကျွန်ုပ်အဆောင်ပိတ်တော့မည်။ သို့သော် သူ့ဆီက ဘာမျှမကြားရသေး..
မိုးစက်တွေ ကောင်းကင်က ဆင်းလာတာရပ်သွားလောက်မှ.........
 ပြန်ကြရအောင် ဆိုတဲ့စကားသံထွက်လာသည်။ သူ့နှတ်ခမ်းတွေ တုန်မနေပေမယ့်
ကျွနုပ်နှုတ်ခမ်းကတော့ ပြာနှမ်းနေလောက်မှာသေချာသည်။

သူဒီလိုနေလိုက်ရတာကိုကျေနပ်သည်ဟုပြောသည်။
ကျွန်ုပ်ဖြည့်ဆည်းပေးတဲ့အတွက်လည်းသိပ်ကျေးဇူးတင်သည် ဟုဆိုသည်
ထိုနေ့သည် ထူးထူးခြားခြားမိုးရေထဲတွင် လက်ဘရည်ဆိုင်ထိုင်ဖြစ်သော
အသဲကွဲနေသော် ကျွန်ုပ်၏ သူငယ်ချင်းနှင့် ကျွနုပ်၏ အကြောင်းပဲဖြစ်သည်။



 သြဂုတ်လ 6 ရက် ည 8 နာရီ


(ဟိန်းလေး)