သံယောဇဉ်



သံယောဇဉ်အကြောင်းကို မင်းကောင်းကောင်းသိရဲ့လား.....
နှောင်ကြိုးလို့လဲပြောကြတယ်
တွယ်တယ်လို့လဲ ပြောကြတယ်
ရုန်းမရတဲ့သဘော...
ခွာမရတဲ့ သဘော ...
ဘယ်သူမပြု မိမိမှုလို့
တရားကတော့ ... ပြောတယ် ပုထုဇဉ်အတွက်တော့ တရား
ဆိုတာဟာ စကားတမျိုး သာပဲပေါ့
မဟုတ်ဘူးလား...
နားထဲမှာ အသံပေါ်လာတယ် ပြီးရင်းပျောက်သွားတယ်
နှလုံးသားထဲမှာတော့... သံယောဇဉ် .... တစ်ဇဉ်လဲ မဟုတ်ဘူး.. နှစ်ဇဉ်လဲ မဟုတ်ဘူး... 
သုံးဇဉ်လဲ မဟုတ်ဘူး..
ခိုင်လိုက်တာမျိုးကလဲ သံယောလို့ မရေးပဲ....သံရော..အဲ့ဒီလို
ရေးဖို့ကောင်းတယ် .. သံနဲ့ရောထားသလို သိပ်ခိုင်တယ်...။

တက္ကသိုလ်ဘုန်းနိုင်