SHINEE


မေမေ


သူကျမထက် အသက် ၃၀ နှစ်ကြီးတယ် 
ကျမငယ်ရွယ်သေးတဲ့အချိန်မှာ သူက အိမ်ထောင့်တာဝန်တွေကို ကသောင်းကနင်းထမ်းရွက်နေခဲ့ပြီ
သူ့ရဲ့လက်ပိန်ပိန်လေးတွေက ပခက်ကြိုးကို တင်းတင်းဆွဲကိုင် လှုပ်ရမ်းလို့ ကမ္ဘာကြီးတခုလုံးကို ပိုင်ဆိုင်ရသလို ကျေနပ်နေခဲ့တယ်
တခါတခါ သူဘာကြိုက်တတ်တယ်ဆိုတာကိုတောင်စဉ်းစားမရတတ်ပေမယ့် သူ့မိသားစုရဲ့ အကြိုက်ကိုတော့ တဦးချင်းဆီ အသေးစိတ်မှတ်မိနေတတ်တယ်
ငယ်ရွယ်သေးတဲ့အချိန်မှာ ဘ၀ရဲ့အလှအပဆုံး အချိန်တွေကို သူဘယ်လိုအင်အားတွေနဲ့ ဖြတ်သန်းခဲ့ပါလိမ့် အမြဲ သိချင်နေတဲ့ မေးခွန်းတခုကို သူ့ကို တခါမှ မမေးဘူးခဲ့ပါ   သူ့ဘ၀ အမောတွေကို ဘေးလူ တယောက်အနေနဲ့ မြင်ကြည့်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ မေ့လျော့ နေခဲ့သတဲ့လေ သူမောပန်းခဲ့တဲ့ အတိတ်တွေကို ပြန်လည် တူးဆွတိုင်း သူ့မျက်နှာမှာ ကျေနပ်ပြုံးတွေပဲ ရှာတွေ့ခဲ့တယ်
နာကျည်းနေတဲ့ ပုံရိပ် .. ဘယ်တော့မှ မမြင်ဘူးခဲ့ သူမမောပန်းခဲ့ဘူးလား ဘယ်လိုအင်အား တွေက သူရပ်တည်နိုင်အောင် ပြုပေးခဲ့ပါသလဲ နားမလည်နိုင်ခဲ့တယ်
ကိုယ့်ဘ၀တခုလုံးကို ပေးဆပ်ခြင်းနဲ့ ရပ်တည်နိုင်ဖို့ဘယ်လို စိတ်ဓါတ်တွေထားခဲ့သလဲ
အရေအတွက်နည်းပေမယ့် နှိုင်းဆလို့ မရတဲ့ မေတ္တာတွေ သူပေါများခဲ့တယ်
အရာရာကို ကိုယ့်အတွက် မေ့လျော့ပြီး သူပေးဆပ်ခဲ့တယ်
သူဘယ်လို အနစ်နာခံနိုင်ပါသလဲ သူက မှတ်တမ်းမ၀င်ပေမယ့် သူ့စေတနာတွေကတော့ ကျောက်သားထက် တည်မြဲနေသလို ခိုင်မာတည်ရှိနေခဲ့တယ်
အရာရာတိုင်းကိုပေးဆပ်ဖို့အတွက် သူ့ရင်ဘတ်ထဲမှာ ဘယ်လိုအရာမျိုးကို သိုလှောင်ထားပါသလဲ
သူရပ်တည်နေတဲ့ နေရာက မိသားစုအတွက် မရှိမဖြစ်တဲ့ နေရာတခုလေ
သူအားငယ်စွာနဲ့ ရပ်တည်နေတဲ့ နေရာတခုဟာ ဘယ်လောက်တန်ဖိုးကြီးမားတယ်ဆိုတာ သူမသိလေရော့သလား အရာရာထက်ကြီးမြတ်တဲ့ နှိုင်းတုလို့ မရတဲ့ နေရာ တခုက သူ…သူ
သူ့ကိုပိုင်ဆိုင်ခွင့်ပေးသော ကံတရားအား ကျေးဇူးတင်ပါသည်။
(မေမေ…. အသက်ရာကျော်ရှည်ပါစေ)

အဲ့ဒီနေ့ပေါ့



















နာကျည်းချက်တွေ  

ရင်ဘက်နဲ့ မဆံ့အောင်ပြည့်ကျပ် 

အဲ့ဒီနေ့ပေါ့ 

နင့်ကို ပိုးစိုးပက်စက် သတိရပစ်လိုက်တယ် 

ငါ့ရင်ထဲမှာ ရွာသွန်းခဲ့တဲ့ 

မျက်ရည်ဖြိုင်ခဲ့တဲ့ မိုးတွင်းကာလ တစ်ခုကို 

ဘယ်တော့မှ မမေ့ဘူး ချစ်သူ 

အလွမ်းတွေ အံဝင်ခွင်ကျဖြစ်ဖို့ 

ငါပြင်းပြင်းထန်ထန်

ကြိုးစားရအုံးမယ် 

နင့်မျက်ဝန်းရဲ့ ခြောက်ခမ်းခမ်း အကြည့်တွေအောက် 

 ငါ ဒူးထောက်ရတာလဲ အကြိမ်ကြမ်အခါခါပါပဲ 

မကြင်မနာ ပစ်ခါသွားတော့လဲ 

ဘာတတ်နိုင်မှာလဲ ချစ်သူ 

ငါ့အလွမ်းတွေ အသားတတ်ဖို့ အချိန်တော့ ပေးရလိမ့်မယ်




ဟိန်းလေး 
18.5.2012

မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်

၂၇.၁၂.၂၀၁၀ နေ့တွင်ကျရောက်သော ဟိန်းလေးရဲ့ အချစ်ဆုံး အကိုကြီး ရဲ့ (၂၈)နှစ်မြောက်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်စိတ်ကျမ်းမာချမ်းသာစွာဖြင့် ယနေ့ကဲ့သို့မွေးနေ့ရက်မြတ်ပေါင်းများစွာကို ဖြတ်ကျော်နိုင်ပါစေရှင်
Free Image Hosting
အကိုရေ ..... တို့မောင်နှမတွေ အကြောင်းအမျိုးမျိုးကြောင့် အဆက်သွယ်တွေမရကြပဲ ဝေးကွာနေခဲ့ကြတာ ကြာနေပြီနော် ဘယ်လောက်များတောင်ကြာရှည်နေလဲဆိုတာ အကို့ရဲ့ ဒီနှစ်မွေးနေ့မှာတောင် ညီမလေးနဲ့ အတူ မရှိနေနိုင်ဘူးလေ အကိုက အလုပ်တွေကလဲ အများသားမဟုတ်လား...... ကျမ်းမာရေးလဲဂရုစိုက်အုံး အကိုရေ အရင်လို ဘေးကနေ တတွတ်တွတ်ပြောပေးနေမယ့် ညီမဆိုးဆိုးလေး မရှိဘူးဆိုပြီး အကို နေချင်တိုင်းနေမနေနဲ့လေ ရာသီဥတုကလည်း အေးလာပြီမဟုတ်လား ကျမ်းမာရေးဂရုစိုက်နော် အရင်လို ညီမလေး ဘေးမှာ အမြဲပြောမနေနိုင်ဘူးနော် ဒါ့ကြောင့် အကိုကိုယ့်ဘက်သက်သူ ဂရုစိုက် ညီမလေးအတွက် စိတ်ပူမနေနဲ့

မွေးနေ့ဆုတောင်းကဒ်လှလှလေးတွေလဲ ပေးထားတယ်နော်
Free Image Hosting

ဒီမှာနောက်တခု
Free Image Hosting

ဒါလေးက ရိုးရိုးရှင်းရှင်းလေး အကိုကြိုက်မယ်ထင်တယ်
Free Image Hosting


ချစ်တဲ့ အဝေးက
ညီမလေး

မေးခွန်း


ငယ်ငယ်တုန်းကကြားဘူးတယ် မိထ္ထီလာကန်အောက်က ဖားကောက်ခဲ့ပါတဲ့
အခုတော့ မိထ္ထီလာက ဖားကောက်ခဲ့ဖို့တော့ မမှာချင်ပါဘူး ပုန်းနေတဲ့သူ တယောက်ကိုရှာဖို့တော့သွားချင်သေးတယ်..........


တနေ့က အဝေးပြေး ကားတစီး ဆိုက်ရောက်လာတယ် တိုက်တိုက်ဆိုင်ဆိုင်ငါ့ရှေ့ကိုပဲငါ့ရဲ့ခြေလှမ်းတွေကလဲ ဦးတည်ရာက အဲ့ဒီကားဆီကို ...... ခရီးက ငါသွားချင်တဲ့နေရာကို... ပြီးတော့ ငါသွားလို့မရတဲ့နေရာ..
ထိန်းချုပ်လိုက်ရတယ်င့ါရဲ့စိတ်တွေ ......... အချိန်တွေလဲ ကြာပြီ အားလုံးက ရပ်တန့်သင့်ပြီလေ ဒါပေမယ့် ရပ်တန့်လို့မရတဲ့ ငါ့ရဲ့စိတ်တွေ........င့ါရဲ့ အတွေးတွေ ........ငါထားခဲ့တဲ့ မျှော်လင့်ချက်တွေ..... င့ါအိမ်မက်တွေ... အားလုံးအားလုံးကို အဝေးကို လွှင့်ပစ်လိုက်ရပြီး......နောက်...ငါ့ကိုငါတောင် ပျောက်ဆုံး မသွားအောင် မနည်း ထိန်းချုပ်ထားလိုက်ရတယ်


တချိန်မှာ သေလောက်အောင်ပေးဆပ်ခံစားရမယ်မှန်းသိရင် အဲ့ဒီအတိတ်က ပျော်ရွှင်မှုတွေကို ငါ တခုမှ မတပ်မက်ခဲ့ပါဘူး ခုတော့ ...
အမည်မရှိတဲ့ ခေါင်းစဉ်တပ်ပြီး ထားခဲ့မှန်းမသိ.... ထားခဲ့ပြီ .....ဘာ့ကြောင့်....ထားရစ်ခံခဲ့ရသလဲဆိုတာကို နားလည်ဖို့ကြိုးစားရင်း ကြိုးစားရင်း.......နဲ့
တခါတခါ တိုက်ဆိုင်မှုမရှိပဲ သတိရနေတတ်တာက ဆိုးဆိုးနေတယ်..........


အရင်အတိုင်းဘာမှမပြောင်းလဲ ဆုတောင်းပေးနေတယ်....... သူ........နေကောင်းဖို့၊ သူ........အဆင်ပြေဖို့ ၊ သူ...........အန္တရာယ်မတွေ့ဖို့ ၊ သူ........ပျော်ရွှင်ဖို့ .....


ဟိန်းလေး
15.10.2010
2း10PM





နင်မငိုပါနဲ့

ကျေးဇူးပြုပြီးမငိုပါနဲ့
နင့်ကို ချစ်သူက စွန့်ပစ်သွားတာမဟုတ်ပါဘူး

ကျေးဇူးပြုပြီးမငိုပါနဲ့
နောက်တခါ အခုလိုမျိုးနင်နားထောင်ခဲ့တဲ့ ပုံပြင်တွေလိုမျိုးကို ထပ်ပြီးနားမထောင်မိပါစေနဲ့
နင့်ရဲ့ပျော့ညံ့တဲ့စိတ်ဓါတ်တွေ အကုန်ဖယ်ထုတ်ပြစ်လိုက်ပါတော့

ကျေးဇူးပြုပြီးမငိုပါနဲ့
နင့်ရဲ့ မပြောဖြစ်တဲ့စကားတွေအတွက် ၀မ်းနည်းပေမယ့်လဲ နင်မငိုပါနဲ့
နင့်ရဲ့မျှော်လင့်ခဲ့တဲ့နေ့တွေအတွက် နင့်ရဲ့ခံစားချက်တွေအတွက် အို ဘာပဲဖြစ်ဖြစ် အရာအားလုံးအတွက် နင်မငိုပါနဲ့ ...

ဟိန်းလေး
26.8.2010

ခွင့်လွှတ်ပါ

အရင်တုန်းကရေးဘူးတဲ့ စာတိုလေးတကြောင်းပါ အကိုတွေ အမတွေက စ ကျလွန်းလို့ ရှက်ရှက်နဲ့ပြန်ဖျက်လိုက်တဲ့ စာလေးပေါ့
အခုတော့ ကျွန်မပြန်ရေးလိုက်မယ်နော်

ညက လနှစ်စင်းထွက်တယ်
တစင်းက မိုးပေါ်မှာ တစင်းက ကိုကြီးရှေ့မှာ

တဲ့ .........

အကိုတွေအမတွေ စကျနောက်ကျတာရိုးရိုးပေးမယ့် မလုံတဲ့ကျွန်မက ပြုံးမိလို့ ဒီစာတိုလေးကိုပြန်ဖျက်လိုက်တာပါ
အခုတော့ မိုးပေါ်ကလစင်းပဲရှိတော့မယ်ထင်တယ်ရှင် .......လတစင်းကဘယ်ပျောက်သွားတယ်ဆိုတာ ကျွန်မ မသိချင်တော့ပါဘူး
သိလည်းမသိပါရစေတော့နဲ့.......

ကျွန်မရဲ့ ဖွင့်ဟ၀န်ခံမရသော ဆိုတဲ့ blog လေးကို မရေးပါတော့နဲ့လို့ ပြောခဲ့တဲ့ ကျွန်မရဲ့ သူ
ခုတော့ သူ့အကြောင်းကို သူမကြိုက်တဲ့ ဒီနေရာလေးမှာ ကျွန်မထပ်ပြီးရေးမိပြန်ပြီ ......
ဒါလည်းဖွင့်ဟ၀န်ခံလို့မရတာ တခုပါပဲလေ.........
နောက်ထပ်သူ့အတွက် ကျွန်မရဲ့ ဖွင့်ဟ၀န်ခံမရတဲ့အရာတွေ ဆက်ပြီးရှိနေအုံးမယ်ထင်တယ် ........
ခွင့်လွှတ်ပါနော် ကျွန်မ ဒီနေရာမှာရင်ဖွင့်ပါရစေ တချိန်ကအကို .......

ဟိန်းလေး
26.8.2010