မုန်းတယ်

နင့်မျက်ဝန်းတွေကို မုန်းတယ်
င့ါဆီမှာရှိတဲ့ အချစ်တွေကို နင်မြင်အောင်မကြည့်နိုင်လို့

နင့်နှုတ်ခမ်းထူထူတွေကို မုန်းတယ်
င့ါကို အရူးတပိုင်းဖြစ်အောင် နင့်စကားလုံးတွေနဲ့ငါ့ကိုသတ်လို့

ငါ့မျက်လုံးတွေကို မုန်းတယ်
နင့်ရဲ့ အစစ်အမှန်မရှိတဲ့ အရာတွေကို မမြင်တတ်ခဲ့လို့

င့ါနှုတ်ခမ်းတွေကို မုန်းတယ်
ပွင့်အန်ကျလာမယ့်စကားလုံးတွေကိုမြိုသိပ်ထားတတ်ခဲ့မိလို့

ငါ့ရင်ခုန်သံကိုမုန်းတယ်
နင်နဲ့တွေ့ရင် အဲဒိအသံတွေက အမြဲလိုနှောင့်ယှက်လို့

ငါ့ကိုယ်ငါ မုန်းတယ်
နင်နဲ့တွေ့ရင် ငါ့မာန ထားစရာနေရာ မရှိလို့

လောကကြီးကိုမုန်းတယ်
ငါ့ရဲ့အပျော်တွေကို ပျောက်ဆုံးသွားစေအောင် နင်နဲ့ဆုံတွေ့ခွင့်ပေးခဲ့လို့

(ဟိန်းလေး)