အမှတ်တရတွေမဖြစ်ချင်ဘူးဆိုပြီးအကြိမ်ကြိမ်ငြင်းခဲ့တာတောင်မှ
မှတ်မိစရာတွေများနေခဲ့တယ်
သတိရစရာတွေများမှာစိုးရိမ်လွန်းခဲ့ပေမယ့် ငါစိတ်ကိုတားမရခဲ့မိဘူး
မယုံဖို့ ကိုယ့်ကိုယ်ကိုယ် အတန်တန် သတိပေးခဲ့ပေမယ့်
ငါက အနည်းအကျဉ်းတော့ယုံခဲ့မိသေးတယ်
တကယ်တော့ .......မင်းလိုလူမျိုးကိုမယုံသင့်ခဲ့ဘူးလို့ သိစိတ်နဲ့တွေးခဲ့ပေမယ့်
ငါ့မသိစိတ်ထဲမှာ မင်းကင့ါစိတ်ရဲ့နေရာများများကို ယူထားခဲ့မိပြီးဖြစ်တယ်
တကယ်တော့ မရေရာမသေချာတာတွေကို
အဟုတ်ထင်နေခဲ့တဲ့ငါ.......
အသိတွေနောက်ကျနေလိုက်တာ
မာနတွေပျောက်ရှနေခဲ့လိုက်တာ
င့ါကိုငါဘယ်တော့မှခွင့်မလွှတ်နိုင်သလို
ငါ့နှလုံးသားကိုလှည့်စားခဲ့တဲ့မင်းကိုလည်းဘယ်တော့မှ ခွင့်မလွှတ်ဘူး
တကယ်တော့ မင်းနဲ့ငါက မာနတွေပြိုင်ရင်း နေနေခဲ့ကြတာ
မင်းနဲ့ငါက အငြိုးအတေးတွေများနေခဲ့ကြတာ
ငါ့အတွက်အရှုံးဆိုတာ မရှိခဲ့တာမို့
မင်းနဲ့ပတ်သက်မှုမှာ..မင်းလက်ဦးသွားဖို့က မဖြစ်နိုင်ဘူးပဲ
ဒါ့ကြောင့်
ငါ့စိတ်တွေမပြောင်းလဲခင်
ငါ့မာနတွေ မထိခိုက်ခင်
ငါ့နှလုံးသားတွေ မယိုင်လဲခင်
မင်းကို ငါအနိုင်ပိုင်းနိုင်ခဲ့ပြီ
ဒီနေ့...........
ဇာတ်လမ်းများအားလုံးအဆုံးသတ်ခဲ့ပြီ
နောက်ထပ် မင်းရဲ့ အိပ်မက်တွေမှာ ငါမသာယာတော့သလို
ငါ့နှလုံးသားမှာ မင်းအပြီးတိုင်သေဆုံးသွားခဲ့ပြီ..........
(ဟိန်းလေး)