ချစ်သူခွင့်လွှတ်ပါ
အရင်လို စကားသံတွေမချိုသာနိုင်တော့လို့
ချစ်သူ ခွင့်လွှတ်ပါ
နင့်ကိုအချိန်ပေးပြီးစကားမပြောနိုင်တော့လို့
ချစ်သူခွင့်လွှတ်ပါ
နင့်အကြောင်းတွေမတွေးမိတော့လို့
ချစ်သူခွင့်လွှတ်ပါ
နင့်ကိုသတိရပါတယ်ဆိုပြီး ညာညာပြောနေရလို့
ချစ်သူခွင့်လွှတ်ပါ
နင့်ကိုအရင်လိုမချစ်နိုင်တော့လို့
ချစ်သူခွင့်လွှတ်ပါ
နင့်ဆီမေးလ်တွေမပို့နိုင်တော့လို့
ချစ်သူခွင့်လွှတ်ပါ
နင့်အတွက် သီချင်းတွေမဆိုညဉ်းပေးနိုင်တော့လို့
ချစ်သူခွင့်လွှတ်ပါ
နင့်အပေါ်ပြောင်းလဲသွားမိလို့
ချစ်သူခွင့်လွှတ်ပါ
ငါ့ရဲ့မုသားစကားတွေအတွက်
ငါ့ရဲ့မာနတွေအတွက်
ငါ့ရဲ့မချစ်တော့မှုတွေအတွက်
ငါ့ရဲ့သတိမရနိုင်တော့မယ့်စိတ်အတွက်
ခွင့်လွှတ်ပါ။ ။ ။
(ဟိန်းလေး)