အလွမ်းတွေနဲ့အစားထိုးသူ


လွမ်းစရာရှိ နာစရာနဲ့ဖြေဆိုတဲ့
စကားရှိပေမယ့်
ငါကတော့ အဲ့ဒီနာစရာတွေနဲ့ဖြေရမယ့်အစား
လွမ်းစရာတွေကိုနေရာပေးပြီး
ငါ့အပေါ်ကောင်းခဲ့တာလေးတွေကိုပြန်အောက်မေ့
အားနာနေမိတယ်
အမှတ်အရှိတဲ့ အသဲဆိုတာမျိုးပေါ့
တကယ်တော့ ငါပေးလိုက်ရတာထက်စာရင်
နင့်ရဲ့ဂရုစိုက်မှုပမာဏက သေးသေးလေးရယ်ပါ
ဒါတောင် ငါစိတ်မနာနိုင်သေးတော့
ဆက်ပြီးလွမ်းမိနေအုံးမယ်ထင်တယ်
အပြီးတိုင်အဆုံးသတ်ပါတယ်ဆိုမှ
အိပ်မက်ထဲရောက်လာပြီး နင်က ငါ့ကိုမကျေနပ်သလို
နှောင့်ယှက်နေသေးတယ်
င့ါလွတ်လပ်ခွင့်ကို
ခုထိ......နင်မပေးသေးဘူးပဲ

(ဟိန်းလေး)