လတ်တလော

တာဝန်ယူတတ်မှု
တာဝန်သိတတ်မှု
အလေးထားတတ်မှု
တန်ဖိုးထားတတ်မှုတွေ
ငယ်ငယ်ထဲက အရိုးစွဲခဲ့တော့
အံမ၀င်လှတဲ့ ပတ်ဝန်းကျင်မှာ
အတော် ဂွကျကျနိုင်တယ် အမေ....
င့ါအလှည့်ရောက်ရင် ဒီလိုမဖြစ်စေရဘူးဆိုတဲ့
ကြွေးကြော်သံတွေကို
လက်ရှိပစ္စုပန်က လှောင်ရယ်နေတယ် အမေ.....
စမ်းတ၀ါးဝါး အနာဂတ်ကို လှမ်းမျှော်ကြည့်ရင်
အရာအားလုံးဟာ ရေလိုက်လွဲနေကြတယ်
လက်ရှိဖြစ်တည်မှုတွေနဲ့
အမေ့ရဲ့ဆုံးမစကားတွေကို
အချိုးချကြည့်တဲ့အခါ
ခေါက်ရိုးကျိုးနေပြီးသား
အယူဝါဒတွေဟာ
အမေ့ရဲ့ ဆုံးမစကားတွေအောက်မှာ
မှေးမှိန်ပျောက်ကွယ်နေတယ်
သမီးကတော့ အများနည်းတူ မိုးခါးရေ မသောက်နိုင်ဘူး အမေ.......

(ဟိန်းလေး)
18.7.2013
10း47