သည်လမ်း.......

အရင်က ဒီလမ်းတွေ ကိုယ့်ခြေရာတွေချည့်.......
ခြေလျှင်လဲ လျှောက်ဖူးသည်.... စက်ဘီးလဲနင်းဖူးသည်။
ကားကြီးတွေ ကိုယ့်ဘေးကရှောင်လိုက်တိုင်း အေးခနဲ ......နွေးကနဲ
သည်လမ်း.....
 လက်နှစ်ဘက်ကိုဘေးသို့ ဆန့်ပြီး စက်ဘီးနင်းဘူးသည်.....
ကယ်ရီယာမပါတဲ့ နောက်မှာ ဘီးကိုခွလျှက် မတ်တပ် လိုက်ဘူးသည်..........
ထိမိခိုက်မိမှာ မတွေးမိ.....
ကြောက်ရွံ့ခြင်းတွေကို ငယ်သေးလို့ မတွေးမိလေသလား ...........

သည်လမ်း
ကားတွေ တ၀ှီးဝှီးပြေးနေသည်...........
ထို့နောက် ဆိုင်ကယ်တွေလဲ လှစ်ကနဲ လှစ်ကနဲ
စက်ဘီးနင်းရတာ ခြေတွေတောင် တုန်ချင်နေသည်
ဘေးက ဖြတ်သွားသည့် ကားတွေ ဆိုင်ကယ်တွေက အသံကြားပြီးလှစ်ကနဲပျောက်ပျောက်သွားသည်.
စက်ဘီးလေး လမ်းကူးဖို့ အတော်ကြာကြာလဲ စောင့်လိုက်ရသည်.

သည်လမ်း ......
သည်လမ်းပါပဲ.....အရင်နဲ့မတူ
ကိုယ့်ရဲ့ငယ်ပေါင်းကြီးဖော်...သည်လမ်း......
ကိုယ့်ခြေရာတွေပြည့်နေတဲ့ ....သည်လမ်း...
ခုတော့... 
တ၀ှီးဝှီးပြေးနေတဲ့ ကားတွေဆိုင်ကယ်တွေကြားမှာ
စက်ဘီးလေး ဘေးကင်းအောင် မနဲ အားတင်းနင်းနေရသည်......
မြို့ကြီး က ကြီးလာလို့လား......

လူဦးရေထူထပ်လို့လား.....
လူတွေ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းနားမလည်လို့လား.....
ထိမိခိုက်မိဖို့ .......ကိုယ်ပဲအသက်ကြီးသွားလို့ .....ကြောက်ရွံ့မိသလား


ဟိန်းလေး
12.8.2013