တကယ်ဆို..ငါဟာ ငြိမ်းချမ်းသွားတာပါ


မင်း...ငါ့ဆီကိုလာတွေ့မယ်ဆိုတဲ့ အတွေးကြောင့် .....အိပ်ပျက်ခဲ့တဲ့ ငါ့ရဲ့ရင်ခုန်သံတွေအတွက်
မင်းရဲ့ထပ်တူညီမယ့် ရင်ခုန်သံမျိုး ငါမလိုချင်ဘူးချစ်သူ......
ဇူလိုင်လရဲ့ မိုးစက်တွေနဲ့အတူ.ရွာသွန်းနေခဲ့
တဲ့..ငါ့ရဲ့ လူမမြင်တဲ့ မျက်ရည်တွေအတွက်လည်း..
မင်းဆီက ပေးဆပ်လာမယ့်..တစုံတခုမျှတောင် ငါမမျှော်လင့်ဘူး.
ငါ့ရဲ့မျက်ဝန်းရှေ့ကိုရောက်လာတဲ့ ကာလတခုတုန်းက မင်းဟာ အပြစ်ကင်းတဲ့ ကလေးတယောက်လိုပဲ..
မိုးစက်တွေကြားထဲ..ငါ့အမြင်တွေ မှုန်ဝါးနေခဲ့လို့သာ.......မင်းရဲ့ ရက်စက်တတ်တဲ့..နှလုံးသားရှိခဲ့မယ်ဆိုတာကို
ငါမသိခဲ့နိုင်တာဖြစ်မယ်....
မင်းနဲ့ဆုံတွေ့ခွင့်ရပြီးနောက်.....ရရှိလာတဲ့ ငါ့ရဲ့ဆုံးရှုံးနစ်နာမှုတွေကိုလည်း.....မသိကျိုးကျွံ့ ပြုထားခဲ့တယ်...ချစ်သူ..
မင်းနဲ့ ပတ်သက်ပြီး နောင်တ ဆိုတာ မရှိချင်လို့ပါ..
ဒါကြောင့်ပဲ..ငါဟာမင်းရဲ့ အမှတ်တရဆိုတာတွေကို တခုတလေတောင်မှ..သတိမထားမိရလေအောင်..မေ့ပျောက်ထားပေမယ့်......
အဲလိုပြုမူ မိတာကိုးက..ပိုပြီး သတိတရရှိစေခဲ့တယ်......
မင်းပေးထားတဲ့ သာယာနာပျော်ဖွယ်ကောင်းစရာ...အကြောင်းတခုတလေတောင် မရှိခဲ့ပဲ
ငါကိုကမိုက်ရူးရဲစွာ........မျှော်လင့်မိခဲ့တာလား..မသိဘူး.....
အရင်ဆိုအမြဲမြည်တတ်တဲ့ တယ်လီဖုန်းလေးတောင် ခုဆို မင်းအသံကို မေ့လို့နေပြီ...
စိတ်လုပ်ရှားပြီး အရေးတကြီးဖွင့်ဖတ်ရမယ့် မေးလ်တွေထဲမှာ...မင်းလိပ်စာလေး မပါခဲ့တာ တော်တော်တောင်ကြာနေခဲ့ပြီ...
တကယ်ဆို ငါဟာ ငြိမ်းချမ်းသွားတာပါ။.......