
ဖြစ်ခဲ့တဲ့ အချစ်ကြောင့်
ရခဲ့တဲ့ ဒဏ်ရာအတွက်
ငါ့နှလုံးသားကို အပြစ်မမြင်ဘူး
..............................
ယုံလွယ်လိုက်တာလို့ ငါ့ကိုမပြောနဲ့
ယုံနိုင်လောက်အောင် ပုံပြေကောင်းခဲ့တဲ့ မင်းကြောင့်
..............................
မမေ့နိုင်သေးဘူးလားလို့ ငါ့ကို မမေးနဲ့
မေ့မရအောင် မင်းအိမ်မက်တွေက သာယာစရာကောင်းလို့
..............................
လွမ်းစရာရှိ နာစရာ နဲ့ဖြေဆိုတဲ့ စကားနဲ့
ငါ့ကို လာမနှစ်သိမ့်နဲ့
မင်းအပေါ်နာကျည်းစရာမရှိလောက်အော
..............................
(ဟိန်းလေး)