ငြိမ်ချက်သားကောင်းနေခဲ့တဲ့ ငါ့ရဲ့နှလုံးသား နိုးထလာအောင်မာယာတွေအမျိုးမျိုး
သုံးပြီး..တမင်ဖန်တီးလုပ်ဇတ်တွေနဲ့
ဇတ်လမ်းဆင် ကကွက်ဖော်ခဲ့ပြီးမှ.........
ဇတ်သိမ်းပိုင်းမှာ မင်းက အားလုံးကို မသိဟန်ဆောင်ပြီးထွက်သွားတော့မလို့လား..
တကယ်ဆို အစကတည်းက မရေရာမသေချာတဲ့...စိတ်ကူးပေါက်ရာ အတွေးတွေကို..အချစ်လို့နာမည်တပ်ပြီး ငါ့ရင်ထဲ ၀င်လာခဲ့တဲ့မင်းကို....
ငါ့..နှလုံးသား သတိမထားမိခင် အချိန်လေးမှာ အပြီးတိုင် သုတ်သင်ပြစ်သင့်ခဲ့တာ...
ခုတော့..ငါဟာ ဒုက္ခကို လက်ခံခဲ့သူ..ဝေဒနာကို ဖွေရှာမိခဲ့ပြီပဲ...
မိုက်လိုက်တာဟယ်လို့ င့ါကို အပြစ်မတင်လိုက်ကြပါနဲ့... မင်းနဲ့ပတ်သက်ခွင့်ရတဲ့ ကာလတိုတိုလေးတခု က ရရှိခဲ့တဲ့ပျော်ရွှင်မှုတွေကို ငါ တပ်မက်လို့ပါ...
မင်းကြောင့်ကျခဲ့ရတဲ့မျက်ရည်တွေများလွန်းလို့..ခုဆို..ငါ့မှာ မျက်ရည်တွေတောင်ခန်းခြောက်နေခဲ့ပြီ......
င့ါမှာတော့ မင်းအတွက် ပေးဆပ်ခြင်းတွေ၊စွန့်လွှတ်ခြင်းတွေ တပွေ့တပိုက်နဲ့...မင်းကတော့..ချစ်တယ်ဆိုတဲ့စကားလေးတလုံးတောင် ပွင့်လင်းစွာ မပြောပြနိုင်ခဲ့ပါလားကွယ်....
ထာဝရမပြောင်းလဲတဲ့သစ္စာတရားကို တန်ဖိုးထားတယ်ဆိုတဲ့ ချစ်ရသူရေ......မင်းရှာဖွေနေတဲ့ သစ္စာတရားကို ငါ့ဆီမှာ ရှိနေခဲ့တယ်ဆိုတာ မင်းမမြင်နိုင်တာဟာ....ငါ့ကို ကျောခိုင်းထားလို့သာဖြစ်မယ်နော်........
(ဟိန်းလေး)
ဇတ်လမ်းဆင် ကကွက်ဖော်ခဲ့ပြီးမှ.........
ဇတ်သိမ်းပိုင်းမှာ မင်းက အားလုံးကို မသိဟန်ဆောင်ပြီးထွက်သွားတော့မလိ
တကယ်ဆို အစကတည်းက မရေရာမသေချာတဲ့...စိတ်ကူးပေါက်
ငါ့..နှလုံးသား သတိမထားမိခင် အချိန်လေးမှာ အပြီးတိုင် သုတ်သင်ပြစ်သင့်ခဲ့တာ...
ခုတော့..ငါဟာ ဒုက္ခကို လက်ခံခဲ့သူ..ဝေဒနာကို ဖွေရှာမိခဲ့ပြီပဲ...
မိုက်လိုက်တာဟယ်လို့ င့ါကို အပြစ်မတင်လိုက်ကြပါနဲ့... မင်းနဲ့ပတ်သက်ခွင့်ရတဲ့ ကာလတိုတိုလေးတခု က ရရှိခဲ့တဲ့ပျော်ရွှင်မှုတွေကို ငါ တပ်မက်လို့ပါ...
မင်းကြောင့်ကျခဲ့ရတဲ့မျက်ရည်တွေ
င့ါမှာတော့ မင်းအတွက် ပေးဆပ်ခြင်းတွေ၊စွန့်လွှတ်ခြင်းေ
ထာဝရမပြောင်းလဲတဲ့သစ္စာတရားကို တန်ဖိုးထားတယ်ဆိုတဲ့ ချစ်ရသူရေ......မင်းရှာဖွေနေတဲ့ သစ္စာတရားကို ငါ့ဆီမှာ ရှိနေခဲ့တယ်ဆိုတာ မင်းမမြင်နိုင်တာဟာ....ငါ့ကို ကျောခိုင်းထားလို့သာဖြစ်မယ်နော်
(ဟိန်းလေး)