လွမ်းခွင့်ပေးနော်


ဒီနေ့ဘယ်နှစ်ရက်ပါလိမ့်
ဇူလိုင်လတောင်ရောက်တော့မှာပါလား
ဒီလိုအချိန်လေးပေါ့
ငါ့ရင်ခုန်သံတွေကျယ်လောင်လာအောင်
ပြုစားခဲ့တာလေ........
ခုတော့
ရင်ခုန်သံစီးချက်တွေလည်း
ငြိမ်ချက်သားကောင်းလို့နေပါပေါ့လား
အင်းလေ
မင်းငါ့ကိုထားသွားခဲ့တာလဲ (၁)နှစ်တင်းတင်းပြည့်ခဲ့ပြီပဲကိုး............
ဒါပေမယ့်
ဒီနေ့စွဲလေးရောက်လာတိုင်း
ငါမှတ်မှတ်ရရရှိနေတတ်တာလဲ
သိပ်တော့မကောင်းဘူးပေါ့ကွယ်
ဒါပေမယ့်လည်း ငါ့ကို လွတ်လွတ်လပ်လပ်တော့ လွမ်းခွင့်ပေးနော်
............
အတိတ်တွေက နောက်မှာကျန်ခဲ့ပေမယ့်
င့ါရင်မှာ ခုထိလက်ဆက်ပျိုမြစ်နေတုန်းပဲ
ဒီလိုမျိုး မိုးဖွဲဖွဲလေးအောက်မှာ
နှစ်ကိုယ်တွဲပျော်မြူးခဲ့တဲ့
အချိန်တွေဟာ
ခုတော့
အလွမ်းတွေကြောင့် အချိန်ကုန်လို့ကုန်မှန်းတောင်
ငါသတိမထားမိဘူး
ဇူလိုင်လရဲ့နေ့စွဲတွေရောက်ရင်လေ
ရင်ခုန်သံတွေ မြန်တတ်လွန်းလို့
ဒီတနှစ်လည်း
ရင်ခုန်သံမြန်မြန်နဲ့
ခပ်နွမ်းနွမ်းလေး လွမ်းလိုက်ချင်လို့
ငါ့ကို လွတ်လွတ်လပ်လပ်...လွမ်းခွင့်ပေးနော်

(ဟိန်းလေး)