ရှင်သန်နေဆဲ


မင်းနဲ့အတူလျှောက်ခဲ့တဲ့
အချစ်တွေနဲ့ပြည့်နေတဲ့ဒီလမ်းကလေး
ခုတော့
အလွမ်းတွေကြောင့် နွမ်းနေပြီထင်တယ်နော်
မင်းရဲ့အငွေ့အသက်လေးတွေ ထင်ကျန်ခဲ့တဲ့
ငါ့ရဲ့အခန်းလေးရော..
ခု...စိုစိုပြေပြေလေးရှိသေးရဲ့လား
မင်းနဲ့ ထိုင်ခဲ့တဲ့ ကော်ဖီဆိုင်လေး
တို့ရှိတုန်းက ဖွင့်တဲ့ သီချင်းလေး ဖွင့်နေတုန်းပဲလား
အဲဒိနေ့က ရွာခဲ့တဲ့ မိုးဖွဲဖွဲလေးရော
ခု တိတ်သွားပြီလားဟင်
အဲဒီနေ့ရက်စွဲကလေးတုန်းက
ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်မှုတွေဟာ..
ငါ့အတွက်တော့ ခုထိ ရှင်သန်နေတုန်းပဲ..ချစ်သူရယ်..

(ဟိန်းလေး)